Browse » Home » » သင်္ဘာရွက်ကကင်ဆာအမျိုးမျိုးကိုတိုက်ဖျက်နိုင်

သင်္ဘာရွက်ကကင်ဆာအမျိုးမျိုးကိုတိုက်ဖျက်နိုင်

သင်္ဘောအရွက်က ကင်ဆာအမျိုးမျိုးကို တိုက်ဖျက်နိုင်
ရိုးရာတိုင်းရင်းဆေးပညာ များစွာတို့တွင် သင်္ဘောရွက်နှင့် သင်္ဘောရွက်ခြောက်ကို ရေနွေးကြမ်း လုပ်သောက်ခြင်းက ကင်ဆာရောဂါအမျိုးမျိုးကို တိုက်ဖျက်နိုင်စွမ်းရှိသည်ဟု ယုံကြည်ကြ၏။ 
ယခုအခါ ဖလော်ရီဒါ တက္ကသိုလ်မှ သုတေသနပညာရှင် နမ်ဒန်းနှင့် ဂျပန်မှ သူ၏လုပ်ဖော်ကိုင်ဖက်များက သင်္ဘောရွက်သည် မိန်းမကိုယ်ကင်ဆာ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ်များကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။ သူတို့အဖွဲ့သည် သင်္ဘောရွက်ခြောက်များကို အသုံးပြု၍ သုတေသနပြုလုပ်ခဲ့ရာတွင် သင်္ဘောရွက်ခြောက်ကို လက်ဖက်ရည်ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။
သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအားစနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Thltype cytokines များ ထုတ်လုပ်ခြင်းကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကင်ဆာဆဲလ်များကို တိုက်ဖျက်ရာ၌ ကိုယ်ခံအားစနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက်များကို အသုံးပြုလာနိုင်တော့မည်ဟု ဆို၏။ ကမ္ဘာနေရာအနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သောအရာတခုအဖြစ် အသုံးပြုနေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံးများသည်ဟု ဆို၏။ ဒေါက်တာနမ်ဒန်းက ယခု သူ၏ သုတေသနမှ ရရှိသော ရလဒ်များသည် သြစတြေးလျနှင့် သူ၏ဇာတိဖြစ်သော ဗီယက်နမ်နိုင်ငံတို့တွင် နေထိုင်သော ဒေသခံတို့ထံမှ ရရှိသည့် သတင်းအချက်အလက် များနှင့် ကိုက်ညီမှုရှိသည်ဟု ဆို၏။ 
သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ပုံမှန်ဆဲလ်များအပေါ် ဘေးဥပါဒ်ဖြစ်စေမှု လုံးဝမရှိသောကြောင့် လက်ရှိအသုံးပြုနေသော ကင်ဆာဆေးဝါးများစွာတို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက်ဆိုးကျိုးများစွာတို့ကို ရှောင်ရှားနိုင်လိမ့်မည်ဟု ဆို၏။ 
သုတေသနပညာရှင်များသည် ကင်ဆာဆဲလ် ၁၀-မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄-နာရီကြာ ထိတွေ့စေခဲ့သည်။ ကင်ဆာဆဲလ် ၁၀-မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန်နှေးကွေးသွားကြောင်း တွေ့ရှိခဲ့ရသည်။ 
ဒေါက်တာဒန်းနှင့် အဖွဲ့သည် သင်္ဘောရွက်မှနေ၍ ဓာတ်ပစ္စည်းများ ထုတ်ယူခြင်းလုပ်ငန်းစဉ်အတွက် တိုကျိုတက္ကသိုလ်မှတဆင့် မူပိုင်ခွင့်လျှောက်ထားခဲ့ပြီဖြစ်ကြောင်း သိရသည်။ 
(Telegraph,10-3-10)NYM
(Good Health 3-17-10)

0 comments:

Post a Comment