Browse » Home » , » cartoon animation သင်ခန်းစာဝက်ဆိုက်တချို့..

cartoon animation သင်ခန်းစာဝက်ဆိုက်တချို့..




www.cartoonsmart.com

Flash Template များ အခမဲ့ပေးထားပြီး ဗီဒီယို သင်ခန်းစာတွေနဲ့အတူ Catoon Animation ပြုလုပ်လိုတဲ့သူတွေအတွက် စိတ်ဝင်စားစရာ အထူးပြုလုပ်ချက်တွေ ရှိနေပါတယ်။ အဓိကအားဖြင့် တော့ Flash Animator ကို ဦးစားပေးထားပြီး ၅မိနစ်တည်းနဲ့ Animation အသေးစားလေးတစ်ခုကို တည်ဆောက်ပြုပြင်ယူနိုင်တဲ့နည်းတွေ ဖော်ပြပေးထားပါတယ်။



www.cartoonsolutions.com

Flash ကိုလေ့ကျင့်ပေးပါတယ်။ သင်ခန်းစာတွေ Lesson file တွေ တစ်ပုံတစ်ပင်ပေးထားပြီး ဗီဒီယိုကြည့်ရှုခြင်း၊ Cartoon Animation ပြုလုပ်လိုတဲ့သူတွေအတွက် အဓိက Character Animation ကို ပိုမိုတိုးတက်စေရန် သင်ပေးထားပြီး ပုံဆွဲသည့်စကေးကို ပိုမိုမြင့်တက်လာစေဖို့ လေ့ကျင့်ပေးပါတယ်။ အထူးသဖြင့် 2D သမားတွေအတွက် သင့်တော်ပါတယ်။



www.cartoonstaer.kidzdom.com

ပျော်စရာရွှင်စရာ သင်ခန်းစာတွေနဲ့အတူ အခြေခံမှစပြိး အဆင့်မြင့်အဆင့်ကို ရောက်ရှိစေဖို့ ဖန်တီးပေးထားပါတယ်။ အထူးသဖြင့် လူငယ်တွေကို သင်ကြားပေးတဲ့ စာမျက်နှာတစ်ခုဖြစ်တာမို့ အချို့ Animation တွေဟာ အဆင့်မမီပေမယ့် Animation သဘော သဘာဝကို ကကြီးမှစ သင်ကြားပေးပြီး သင်ခန်းစာကို မကြောက်စေဖို့ ပျော်ရွှင်ဖွယ်အထူးပြုလုပ်ချက်ကလေးတွေ ထည့်သွင်းပေးထားပြီး လွယ်လွယ်ကူကူပင် ကိုယ်တိုင် Animation တစ်ခု ပြုလုပ်နိုင်ပါတယ်။



www.cartooncottage.com

Cartoon ရုပ်ပုံလေးတွေကို Free ရယူခွင့်ပေးထားတဲ့အပြင် စိတ်လှုပ်ရှားဖွယ်ရာ Animation ပုံ အမြောက်အမြားကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ Flash Animation ရုပ်ပုံတွေကို အဓိကထား တင်ပေးထားတယ်ဆိုပေမယ့် အခြားကာတွန်းရုပ်ပုံတွေကိုပါ Free ရယူနိုင်ပါသေးတယ်။ ကိုယ်ပိုင် Website, Blog တွေ ရှိရင်လည်း Website ကနေ Animation ရုပ်ပုံတွေ ရယူပြီး မိမိ Website မှာ တင်ထားနိုင်ပါသေးတယ်။ မိမိပြုလုပ်ထားတဲ့ Animation ရုပ်ပုံတွေကိုလည်း Upload တင်ပေးနိုင်ပါတယ်။


www.en.softonic.com

Animation ပြုလုပ်လိုသူတွေအတွက် Cartoon Animation Software တွေကို အခမဲ့ရယူခွင့် ပေးထားတဲ့ Website ကောင်းလေးတစ်ခု ဖြစ်ပါတယ်။ Animation ပြုလုပ်တဲ့ Software တွေအနေနဲ့ Cartoon Maker 6.01, Pivot Stickfigure Animatior 2.2.5, Odin Frame Photo Creator 2.2 တွေကို ရရှိနိုင်မယ့်အပြင် ဒီ Software တွေကို အသုံးပြုမယ့် လမ်းညွှန်တွေကိုပါ ထည့်သွင်းပေးထားပြီး Windows, Phone, Mac တွေပေါ်မှာ ပြုလုပ်နိုင်မယ့် နည်းပညာတွေကိုပါ ထည့်သွင်းပေးထားပါတယ်။



www.cartoonsolutions.com

Flash Animation Cartoon သင်ခန်းစာတွေကို အခမဲ့ ရယူခွင့်ပေးထားပြီး လေ့လာချင်စရာ ကောင်းတဲ့ Flash နည်းပညာတွေကိုပါ တွေ့ရှိရမှာ ဖြစ်ပါတယ်။ အဓိကအနေနဲ့ Flash Animation ကို ဖော်ပြထားတယ်ဆိုပေမယ့် 2D Tutorial တွေကိုပါ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ လူငယ်ရော လူကြီးပါ လေ့လာနိုင်မယ့် သင်ခန်းစာတွေကို အလွယ်တကူလေ့လာနိုင်အောင် Website ပေါ်မှာ စနစ်တကျ တစ်ဆင့်ပြီးတစ်ဆင့် သေချာရှင်းပြထားတဲ့အတွက် ဂရုတစိုက်နဲ့ သွားရောက်လေ့လာသင့်တဲ့ Animation Website တစ်ခုဖြစ်ပါတယ်။ Ryan Simmons ကိုယ်တိုင် ၀ါသနာအရပြုလုပ်ထားတဲ့ ရုပ်ပုံတွေနဲ့ သင်ခန်းစာတွေကို လေ့လာလိုသူတွေအတွက် ဝေမျှပေးထားပါတယ်။



Ref: NetGuide Journal

0 comments:

Post a Comment