Browse » Home » » mouse မရှိသူတွေတွက်ကီးဘုတ်နဲ့မော့စ်သုံးမယ်

mouse မရှိသူတွေတွက်ကီးဘုတ်နဲ့မော့စ်သုံးမယ်

မိမိကွန်ပျူတာမှာ mouse ပျက်သွားလို့ဖြစ်ဖြစ် မရှိလို့ပဲဖြစ်ဖြစ် mouse သုံးမှ ရမယ့် ကိစ္စတွေမှာ
mouse အခက်အခဲဖြစ်နေရင် အောက်ပါဆက်တင်အတိုင်း ပြောင်းပြီး keyboard က
သက်ဆိုင်ရာခလုတ်တွေကနေ mouse အဖြစ် သုံးလို့ ရပါတယ်။
အောက်ပါ အဆင့်လေးတွေအတိုင်း လုပ်ကြည့်ပါ။

၁။ Alt + Shift + Num Lock ( Alt ကီးရယ်၊ Shift ကီးရယ်၊ ညာဘက်ခြမ်းမှာ ရှိတဲ့ number lock ကီးရယ်ကို တပြိုင်နက် နှိပ်ပါ)
၂။ Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင် Settings ထဲသို့ဝင်ပါ။
၃။ Use Mouse Key မှာ Check box On ပေးရပါမယ်။
၎။ ပြီးရင် ဘေးက Settings ထဲ ထပ်ဝင်ပါ။
၅။ Top Speed ကို high အထိဆွဲတင်ပါ။ Acceleration ကိုလည်း Fast အထိဆွဲတင်ပါ။
၆။ ပြီးရင် Ok လို့ ပေးပါ။ ညာဘက်ထောင့်အောက်ခြေမှာ Mouse ပုံစံလေးပေါ်လာပြီဆိုရင် ရပါပြီ။ တကယ်လို့ အဲ့ဒီ Mouse ပုံစံလေးမှာ မျဉ်းနီလေးခတ်ထားပါက Number lock Key ကိုတစ်ချက်ထပ်နှိပ်ပြီး မျဉ်းနီလေးပျောက်သွားအောင် လုပ်နိုင်ပါတယ်။
၇။ အခုဆိုရင် စပြီးတော့ Key Board ညာဘက်မှ နံပါတ် ကီးများဖြင့် Mouse Pointer လေးကို ရွှေ့နိုင်ပါပြီ။
၈။ နံပါတ် 5 key ကတော့ mouse မှာပါတဲ့ click နှိပ်သလို အလုပ်လုပ်ပေးပါတယ်။
၉။ Right Click လုပ်ချင်ရင်တော့ Key Board ညာဘက်ခြမ်းက( - )key ကိုနှိပ်ပေးရပါမယ်။ Left Key ပြန်ပြောင်းချင်ရင်( / )key ကိုနှိပ်ပေးရပါမယ်။ Drug ဆွဲဖို.ဆိုရင်တော့( o )Key ကိုနှိပ်ပေးရပါမယ်။
၁၀။ အဒီအချိန်မှာ နံပါတ်တွေ ရိုက်ချင်ရင်တော့ ကီးဘုတ်ရဲ့ ညာဘက်ခြမ်းက နံပါတ်ကီးတွေနဲ.အဆင်ပြေမှာမဟုတ်ပါဘူး။ နဂို မူရင်းအတိုင်း ပြန်ထားချင်ရင်တော့ Alt + Shift + Num Lock ကို ပြန်နှိပ်ရုံပါပဲ။
Mouse မရှိတဲ့အခါ အဆင်ပြေဖို့အတွက်ပါ စမ်းသပ်ထားပေါ့ဗျာ မမှားဘူးပေါ့ ...
စမ်းသပ်ပြီးလို့ အဆင်သွားပြီးဆိုရင်တော့ နဂိုပုံမှန်တိုင်း နံပါတ် ၁၀ ပြထားတဲ့အတိုင်း
ပြန်လုပ်ဖို့တော့ မမေ့နော် အထူးသတိပေးပါသည် အဆင်ပြေပါစေဗျာ ...။

0 comments:

Post a Comment